တွေ့ဖူးမှာပါ အဲလိုအခြေအနေမျိုးမှာ တော်တော်တိုင်ပတ်မှာပါ
အခုတော့ အဲပြသနာလေးတွေ မေ့လိုက်ပါတော့ ဘာမှစိတ်မပူပါနဲ့
သုံးမိနစ်အတွင်း အပြီးဖြည်ပေးမဲ့ ဒီ exe file ကို Bat Group မှ ကို Zahtet Ni ရေးထားတဲ့ software လေးတွေ့လို့ ပြန် share ပေးလိုက်မယ်နော် ဒီမှာဒေါင်း လိုက်ပါ ဒေါင်းလို့ ရလာတဲ့ rar file လေးထဲက Remove Pattern Lock & All Account.exe ဖိုင်လေးကို run လိုက်ပါ နောက်ပြီး pattern lock ကျနေတဲ့ ဖုန်းမှာ lock မကျခင်က root access ဖြစ်ဖို့ root ဖောက်ထားပြီးသားဖြစ်ရပါမယ် နောက်တစ်ချက်လိုအပ်တာက USB debugging ကိုလည်း on ထားပြီးသားဖြစ်ရပါမယ်ခင်ဗျ ဒီနှစ်ချက်ပြည့်စုံမှသာ အောင်မြင်မှာဖြစ်ပါတယ် အထက်က နှစ်ချက်စလုံး pattern lock ကျနေတဲ့ဖုန်းမှာ အရင်ကတည်း ရှိနေပြီးသားဆိုရင်တော့ ခုနက exe file လေးကို မိမိ ကွန်ပျူတာမှာ run ထားပြီး pattern lock ကျနေတဲ့ ဖုန်းနဲ့ ချိတ်ဆက်ထားပြီး pattern lock ဆိုတာလေး တစ်ချက်သာ ကလစ်လိုက်ပါ သူ့အလိုလို pattern lock ဖြည်ချသွားပြီး ဖုန်းက အော်တို reboot ကျသွားပါလိမ့်မယ်ခင်ဗျာ မိမိဆက်ကိုပြန်ဖွင့်ကြည့်ရင်တော့ pattern & pin lock လုံးဝ မရှိတော့တာတွေ့ရရင် သူငယ်ချင်းတို့ပျော်သွားပါလိမ့်မယ် အကယ်လို့များ pattern & pin lock အနှိပ်များပြီး Gmail အကောင့်တောင်းရင် အောက်က all account ကို click လိုက်ပါ အားလုံးအဆင်ပြေသွားပါလိမ့်မယ်
